Impressive Academic Records of Myanmar Celebrities
Facebooktwittergoogle_plusredditpinterestlinkedinmailFacebooktwittergoogle_plusredditpinterestlinkedinmail
မင်္ဂလာပါMYEOerတို့ရေ။
ဒီတစ်ပါတ်မှာတော့သက်ဆိုင်ရာနယ်ပယ်အပြင်ပညာရေးမှာလည်းထူးချွန်တဲ့မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီး celebrities တွေ့ရဲ့အားကျအတုယူဖွယ်ရာ မှတ်တမ်းတွေကို ရှာဖွေစုဆောင်းရသမျှအချက်အလက်တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။
1#Nay Chi Oo
beautybynaychi ဆိုတဲ့ Facebook page ကနေ မိတ်ကပ် tutorial video တွေကနေတစ်ဆင့် ဆိုရှယ်မီဒီယာ အသုံးပြုသူများအကြား ရေပန်းစားလာတဲ့ နေခြည်ဦး ဘဲဖြစ်ပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ University of Bradford မှာ မှုခင်းဆေးပညာမဟာဘွဲ့ ရရှိထားသူတစ်ယောက်ဖြစ်တဲ့အပြင် ယခုလက်ရှိမှာလဲ စီးပွားရေးစီမံခန့်ခွဲမှပညာ မဟာဘွဲ့ကို Global MBA University of the Thai Chamber of Commerce မှာ လေ့လာသင်ယူနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Yangon Institute of Education နဲ့ Cambridge Tours College တို့မာ GCE A-Level ကိုလဲတက်ရောက်ခဲ့ပါသေးတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ သူမဟာ Cambridge Tours College ရဲ့ Former Student President တစ်ဦးလဲပါတယ်။ ဒါတင်မကသေးပါဘူး သူမဟာ စိတ်လှုပ်ရှားစရာတွေအပြည့်ရှိတဲ့ Sein Lei Tin Resort ရဲ့ Co-founder တစ်ဦးဖြစ်တဲ့အပြင် New York Fashion Week 2017ကိုတက်ရောက်ဖို့အတွက် Maybelline Myanmar  ရဲ့ဖိတ်ကြားခံခဲ့ရပါသေးတယ်။
2#Moe Set Wine
၁၉၆၁ခုနှစ်ထဲက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတော့တဲ့ Miss Universe ပွဲကို 2013 ခုနှစ်မှ ပြန်လည်ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မိုးစက်ဝိုင်ဟာ Dagon University ကနေ အင်္ဂလိပ်စာအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင်သူမဟာ ဘွဲ့ကြိုပညာဆက်လက်သင်ကြားဖို့ အမေရိကန်နိုင်ငံကို သွားရောက်ခဲ့ပြီး California Lutheran University မှ Business Administration Degree in Marketing ဘွဲ့ကိုရရှိခဲ့ပါတယ်။
3#Phyu Phyu Kyaw Thein
မြန်မာနိုင်ငံရဲ့ လေဒီဂါဂါ လို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ဟာဆေးပညာဘွဲ့ကို University of Medicine 1 ရန်ကုန် ကနေရရှိခဲ့ပါတယ်။ သူမဟာ physician တစ်ယောက်လဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ၂၀၀၈ခုနှစ်ကနေစပြီး UNICEF Celebrity Ambassador အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
4#Chit Thu Wai
အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် ရုပ်ရှင်လောကမှာလဲ အောင်မြင်မှုရရှိနေတဲ့ချစ်သုဝေဟာဆေးပညာဘွဲ့ ကိုလည်း University of Medicine 2 ရန်ကုန်ကနေရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်မှာ Myanmar Consumer Protection Association ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာမသန်စွမ်းအဖွဲ့အစည်း ( MDO ) ရဲ့ Ambassador ဖြစ်လာခဲ့ပါတယ်။
5#Ni Ni Khin Zaw
န်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ 27th SEA Games 2013 မှာ သီးချင်းများစွာနဲ့ ဖျော်ဖြေခဲ့တဲ့ အဆိုတော် နီနီခင်ဇော်ဟာ University of Medicine 2, ရန်ကုန်ကနေ ဆေးပညာဘွဲ့ကိုရရှိခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ မကြာသေးခင်က ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ ASEAN+3 Singing Contest ပြိုင်ပွဲမှာလဲ ဒုတိယဆုရရှိခဲ့ပါတယ်။
6#Sai Sai Kham Hlaing
အသက်ကြီးပေမယ့် မပျက်စီးသေးဘဲ လူငယ်အဆိုတော်တွေနဲ့အတူ ယခုအချိန်ထိ ပုရိတ်သတ်ရင်ထဲမာရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အင်္ဂလိပ်စာအထူးပြုဘွဲ့ကို Dagon University မှရရှိခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အင်္ဂလိပ်စာ ဘွဲ့လွန်ဒီပလိုမာကို University of Foreign Languages Yangon မှလည်းကောင်း၊ Diploma in applied psychology ကို University of Yangon မှလည်းကောင်း ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာလဲ ကိုယ်တိုင်တည်ထောင်ထားတဲ့ Frenzo Production နဲ့Sai Cosmetix တို့မှာ Managing Director အဖြစ်တာဝန်ယူထားပါတယ်။
7#Pyay Ti Oo
ယခုလက်ရှိ နာမည်ကျော် ရင်ဘတ်ထဲကဓား ဇာတ်ကားမာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပြေတီဦးဟာ မြန်မာနိုင်ငံရဲ့နာမည်ကြီးအင်ဂျီနီယာကျောင်းတစ်ကျောင်းဖြစ်တဲ့ Mandalay Institute of Technology ( MIT ) မှ အပါတ်စဉ် (၇) ,1996 intake ကျောင်းသားဟောင်းတစ်ဦးဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ မြို့ပြအင်ဂျီနီယာဘွဲ့ ရရှိခဲ့ပြီး ယခုလက်ရှိမှာလည်း ပညာသင်ထောက်ပံ့ကြေးများနှစ်စဉ်ပေးအပ်နေတဲ့ ပြေတီဦးဖောင်ဒေးရှင်းရဲ့ CEO တစ်ယောက်လဲဖြစ်ပါတယ်။
8#Nang Khin Zay Yar
ရှမ်းပအို့ ကပြားအလှမယ်လေး တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာ ဟာ Miss Universe Myanmar 2012 Title Winner တစ်ဦးဖြစ်တဲ့အပြင် Taunggyi University မှ ဥပဒေဘွဲ့ ရရှိခဲ့ပါတယ်။ သူမရဲ့ထူးခြားချက်ကတော့ ဧည့်လမ်းညွှန်အလုပ်ကိုစိတ်ဝင်စားပြီး ဂျာမန်ဘာသာနဲ့ အင်္ဂလိပ်ဘာသာ တို့ကို ကျွမ်းကျင်စွာ ပြောတတ်ပါတယ်။
9#Aung La N San
သိုင်းပေါင်စုံပြိုင်ပွဲလို့အများသိကြတဲ့ MMA One Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Middle Weight World Champion တစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်း ဟာငယ်စဉ်က Yangon International School မှာတက်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမာ ပညာဆက်လက်သင်ကြားဖို့အမေရိကန်နိုင်ငံကို သွားရောက်ကာ ၂၀၀၃ ခုနှစ်မှာ စိုက်ပျိုးရေးအထူးပြုဘာသာရပ်နဲ့ Andrews University မှာတက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
10# Yoon Yoon
ကလေးသရုပ်ဆောင်ဘဝကနေ ယနေ့အချိန်အထိ ပရိတ်သတ်အားပေးမှုတွေရရှိနေတဲ့ ယွန်းယွန်းဟာ ၁၀တန်းစာမေးပွဲကို ဂုဏ်ထူး၂ဘာသာနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးနောက် psychology အထူးပြုဘာသာရပ်နဲ့ University of Yangon မှာဆက်လက်ပညာသင်ကြားနေပါတယ်။
ကလေးသရုပ်ဆောင်ဘဝကနေ ယနေ့အချိန်အထိ ပုရိတ်သတ်အားပေးမှုတွေရရှိနေတဲ့ ယွန်းယွန်းဟာ ၁၀တန်းစာမေးပွဲကို ဂုဏ်ထူး၂ဘာသာနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးနောက် psychology အထူးပြုဘာသာရပ်နဲ့ University of Yangon မှာဆက်လက်ပညာသင်ကြားနေပါတယ်။
Facebooktwittergoogle_plusredditpinterestlinkedinmailFacebooktwittergoogle_plusredditpinterestlinkedinmail