Eco Learning Youth Camp 2017

FacebooktwitterredditpinterestlinkedinmailFacebooktwitterredditpinterestlinkedinmail
DAk5CqnWAAAYu0c
ဖောင်ပိတ်ရက်– ၂၇ စက်တင်ဘာလ၊ ၂၀၁၇
အစီအစဉ်အကြောင်းအရာ
ဒုတိယအကြိမ် ပြုလုပ်မယ့် ဂေဟဆက်နွယ် လူငယ်အစီအစဉ် (Eco learning Youth Camp 2017) အတွက် စိတ်ဝင်စား ပါဝင်လိုသူများအား ကလျာဏ မိတ္တဖောင်ဒေးရှင်းမှ ထပ်မံ ဖိတ်ခေါ်လိုပါသည်။
– ခရီးတွေ အတူတူသွားပြီး သဘာဝတရားရဲ့ နက်ရှိုင်းမှုကို လေ့လာကြမယ်။
– အပြန်အလှန် ကူညီခြင်း ၊ ဝေမျှခြင်း ၊ ပူးပေါင်းလုပ်ဆောင်ခြင်းတွေကို သင်ယူကြမယ်။
– အခက်အခဲတွေကို အတူတူ ရင်ဆိုင်ရင်း ၊ဖြေရှင်းရင်း အပြန်အလှန်ယုံကြည်မှု တည်ဆောက်ကြမယ်။
– သဘာဝကြီးကို ထိတွေ့ခံစားရင်း သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုကို လေ့လာမယ်။
– ကျေးလက်သဘာဝ နေထိုင်မှု ပုံစံကို အတူနေထိုင်လေ့လာရင်း စေတနာ့ဝန်ထမ်း ကူညီ လုပ်ကိုင်ပေးကြမယ်။
– ကလေးငယ်များကို သဘာဝပတ်ဝန်းကျင်အကြောင်း ပြောပြကြမယ်။
– ရိုးရှင်းတဲ့ ဘ၀နေထိုင်မှု ပုံစံနဲ့ နေထိုင်နိုင်ဖို့ ကြိုးစားကြည့်မယ်။
အစီအစဉ် အစမှ အဆုံး ကြာမြင့်ချိန် –
၁၀ရက် အာက်တိုဘာလ၊ ၂၀၁၇မှ၂၄ အောက်တိုဘာလ၊၂၀၁၇ အထိ(၁၅ရက်)
အစီအစဉ် ပြုလုပ်မည့်နေရာများ – မန္တလေး ၊ မိုးမိတ် ၊ ကလော
အစီအစဉ်တွင် ပါဝင်နိင်ရန် ရွေးချယ်မည့် သတ်မှတ်ချက်များ –
၁) အသက်(၁၈ နှစ်မှ ၂၅ နှစ်ကြား) လူငယ်
၂) သဘာဝပတ်ဝန်းကျင်ကို စိတ်ပါဝင်စားလေ့လာလိုသူ
၃) အခက်အခဲ နှင့် စိန်ခေါ်မှုများကို လက်ခံနိုင်သူ
၎) အစီအစဉ်ပြီးဆုံးသည်အထိ မပျက်မကွက် ပါဝင်နိုင်သူ
၅) အနာဂတ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်လိုစိတ်ရှိသူ
၆)အုပ်ထိန်းသူ၏ ခွင့်ပြုချက်နှင့် မိမိကိုယ်မိမိ တာဝန်ယူနိုင်သူ
Orientation Workshop (ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ) – ကြာမြင့်ချိန်- ၆ ရက် /မန္တလေး
  • ပါဝင်သူများ အချင်းချင်း ရင်းနှီးမှု တည်ဆောက်ခြင်း။
  • မိမိကိုယ်မိမိ ရှာဖွေခြင်း။
  • ဂေဟစနစ် ကိုလေ့လာခြင်း။
  • အသွင်ပြောင်းပညာရေး နှင့် ကမ္ဘာခြုံစနစ်ကို လေ့လာခြင်း။
  • အသင်းအဖွဲ့ တည်ဆောက်ခြင်း ၊ ယုံကြည်မှု တည်ဆောက်ခြင်း။
  • ဓာတုလျှော့ခေါင်းလျှော်ရည် ၊ ဆပ်ပြာ လုပ်နည်း။
  • ခရီးစဉ်အတွက်ပြင်ဆင်ခြင်း။

 

Eco Learning Camp (ဂေဟဆက်နွယ်မှု လေ့လာရေး ခရီးစဉ်)

ကြာမြင့်ချိန်- ၇ ရက် /မိုးကုတ် -မိုးမိတ်

  • နက်ရှိုင်းဂေဟဗေဒ ကို လေ့လာမယ်။
  • ရာသီဥတု အပြောင်းအလဲ နှင့် လူမှုဘ၀ ဆက်နွယ်မှု။
  • ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်သော နည်းနှင့် ခရီးသွားကြမယ်။
  • သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုကို လေ့လာမယ်။
  • ကျေးလက်သဘာဝ လူမှုနေထိုင်မှု ပုံစံ နှင့် မတူကွဲပြားသော ယဉ်ကျေးမှုပုံစံများနှင့် အလိုက်သင့်နေထိုင်နိုင်ရန် သင်ယူခြင်း။
  • ဋ္ဌာနေတိုင်းရင်းသားတို့၏ သဘာဝရင်းမြစ်ထိန်းသိမ်းမှုပုံစံနှင့် အများဆိုင်စနစ် ကိုလေ့လာခြင်း။
  • စေတနာ့ဝန်ထမ်းကူညီလုပ်ကိုင်ခြင်းအားဖြင့် အတွေ့အကြုံမှ သင်ယူုခြင်း။
  • ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ကို လေ့လာခြင်း| လူထု စည်းရုံးရေး နှင့် ခေါင်းဆောင်မှု စွမ်းရည်ကို သင်ယူခြင်း။
Reflective Learning Workshop (အပြန်အလှန်လေ့လာသင်ယူခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ)
ကြာမြင့်ချိန်- ၂ ရက်/ကလော
  • ခရီးစဉ် တစ်လျှောက်အတွေ့အကြုံများကို သုံးသပ်ခြင်းနှင့် အပြန်အလှန်သင်ယူခြင်း။
  • နှုတ်ဆက်ပွဲ အခမ်းအနား။

သဘာဝတရားကြီးကို အမှန်တကယ် ထိတွေ့ခံစားလိုပါက ယခု အစီအစဉ်တွင် ပါဝင်နိုင်ရန် အားပေး တိုက်တွန်း လိုပါသည်။ ပါဝင်လိုပါက ပူးတွဲပါလျှောက်လွှာတွင်ပြည့်စုံစွာဖြည့်စွက်၍ ဆက်သွယ်ရန်လိပ်စာသို့ (၂၇ရက်၊စက်တင်ဘာလ၊ ၂၀၁၇ – ညနေ(၅)ရီ ထက် နောက်မကျစေဘဲ ပေးပို့ စေလိုပါသည်။ လျှောက်လွှာ ပေးပို့ရန် အခက်အခဲ ရှိပါက ဖုန်းဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဆက်သွယ်မေးမြန်းစုံစမ်းရန်၊ 
မဖူးပွင့်သဉ္ဇာဖြိုး
စီမံချက်ညှိနှိုင်းရေးမှူး
သဘာပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ
ကလျာဏမိတ္တဖောင်ဒေးရှင်း
ဖုန်း-၀၉ ၂၂၂၀၆၇၅
အီးမလ်း- [email protected]
FacebooktwitterredditpinterestlinkedinmailFacebooktwitterredditpinterestlinkedinmail