ASEAN IN-COMPANY TRAINER (Free of Charge) COURSE

facebooktwittergoogle_plusredditpinterestlinkedinmailfacebooktwittergoogle_plusredditpinterestlinkedinmail

received_1692268957751631

Program Information

ASEAN IN-COMPANY TRAINER သင်တန်း
ဤသင်တန်းအား မိမိတို့ ကုမ္ပဏီအဖွဲ့အစည်းအတွင်း အရည်အသွေးပြည့်မှီသော သင်တန်းများ ထပ်ဆင့်ပို့ချနိုင်မည့် လုပ်ငန်းတွင်း သင်တန်းဆရာများ မွေးထုတ်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
ပုဂ္ဂလိက ကဏ္ဏအား လိုအပ်သည့် သင်တန်းပို့ချခြင်းဆိုင်ရာ နည်းစံနစ်များ ပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းခွင်အတွင်း လုပ်သားစွမ်းရည် တိုးတက်လာစေမည့် သင်တန်းများပေးကာ မြန်မာခရီးသွားကဏ္ဏအတွင်း ကျွမ်းကျင်ဝန်ထမ်းများ ရှားပါးလာမှုကို ဖြေရှင်းသွားနိုင်ရန် ရည်ရွယ်ထားပါသည်။

သင်ကြားမည့်ဘာသာရပ်များ
သင်ခန်းစာများကို –
(၁) သင်တန်းမပေးမီ လေ့လာဆန်းစစ်ခြင်းအပိုင်း
(၂) သင်တန်းအတွက် သင်ရိုးများရေးဆွဲခြင်း။ စီစဉ်ခြင်းနှင့် ပြင်ဆင်ခြင်းအပိုင်း
(၃) သင်ကြားပို့ချခြင်းအပိုင်းနှင့်
(၄) ကျွမ်းကျင်မှု စစ်ဆေးခြင်း နှင့် သင်တန်းအား ပိုမိုတိုးတက်လာစေရန် ပြင်ဆင်သည့်အပိုင်း ဟူ၍ အပိုင်း(၄)ပိုင်းခွဲ၍ ပို့ချသွားမည်ဖြစ်ပြီး
(၅) ထပ်တိုးသင်္ခန်းစာအဖြင့်
Common ASEAN Tourism Curriculum Fast Track (မိမိကုမ္ပဏီနှင့်ကိုက်ညီသော သင်ရိုးရေးဆွဲရန်အတွက် အာဆီယံ toolbox ကို လွယ်ကူစွာနှင့် အမြန်ဆုံး အသုံးပြုနည်း) ကိုပါ လက်တွေ့လေ့လာသင်ကြားမှု ရှိမည်ဖြစ်ပါသည်။


အကျိုးကျေးဇူးများ
မိမိလုပ်ငန်းခွင်အတွင်း သင်တန်းဆရာများရရှိခြင်းအားဖြင့် ပြင်ပ သင်တန်းပို့ချသူများ ငှားရမ်းရန် မလိုအပ်တော့ဘဲ သင်တန်းအတွက် သုံးရမည့် ကုန်ကျစားရိတ်များကို လျှော့ချနိုင်မည်ဖြစ်ပါသည်။
သင်တန်းဆရာများအနေနှင့် လုပ်ငန်းခွင်အတွင်း သင်တန်းများကို ပိုမို အကျိုးရှိစွာနှင့် ပိုမိုထိရောက်စွာ သင်ကြားနိုင်မည့်အပြင် သင်တန်းတစ်ခုတည်းအား အကြိမ်ကြိမ် ပေးရာတွင်လည်း စံနှုန်းမီစွာ တပြေးညီတည်း ဖြစ်နေစေပါလိမ့်မည်။

facebooktwittergoogle_plusredditpinterestlinkedinmailfacebooktwittergoogle_plusredditpinterestlinkedinmail

Join our fabulous community today!

Join our fabulous community today!

If you would like to be always informed about our latest updates, just fill the form with your name and email.