Road Construction & Concrete Shuttering Courses

Facebooktwittergoogle_plusredditpinterestlinkedinmailFacebooktwittergoogle_plusredditpinterestlinkedinmail

FB_IMG_1483078117941

Program Information:

နေပြည်တော်၊ ရွာမ (ရန်ကုန်) နှင့် မန္တလေးမြို့များရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင်နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်း၍ ကျွမ်းကျင်မှုအခြေပြု ကာလတို (၃) လ သင်တန်းများကို ဖွင့်လှစ်မည် ဖြစ်ပါသည်။

ထိုသင်တန်းများကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်ကြားပို့ချမည့် ဘာသာရပ်များမှာ လမ်းခင်းကျွမ်းကျင်သင်တန်း (Road Construction) ၊ ပုံဆင်၊ ပုံရိုက်ကျွမ်းကျင်သင်တန်း(Concrete Shuttering) ဖြစ်ပါသည်။

လျှောက်ထားလိုသူများ

-မူလတန်းအောင်မြင်ပြီး အသက် (၁၈) နှစ်ပြည့်ပြီး (၄၀) နှစ်ထက် မကျော်လွန်သူများ ဖြစ်ရမည်။

-ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်သူများ၊ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူ၊ ကျန်းမာရေးကောင်းမွန်သူများဖြစ်ရမည်။

-လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၁) စောင်၊ လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှထောက်ခံစာမူရင်း သို့မဟုတ် မြို့နယ်ပြည်သူ့ရဲစခန်းမှ ထောက်ခံစာမူရင်း၊ သက်ဆိုင်ရာ မြို့နယ်ဆရာဝန်၏ ဆေးထောက်ခံစာမူရင်းတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

လျှောက်ထားလိုသူများသည် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက် မှ ၁၀ ရက်ထိ လူတွေ့စစ်ဆေးသွားမည်ဖြစ်ပြီး ကျား/မ မရွေး လျှောက်ထားနိုင်မည် ဖြစ်သည်။

သင်တန်းတစ်ခုလျှင် လူဦးရေ ၁၂ ဦးသာ လက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ဖြစ်ကာ သင်တန်းသား/သူများအတွက် အစားအသောက်နှင့် နေထိုင်ရန်အဆောင်စီစဉ်ပေးမည် ဖြစ်သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(နေပြည်တော်)၊ ဖုန်း-၀၉-၄၄၈၅၃၆၂၀၀၊ ၀၆၇-၄၀၁၄၂၅^၆)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) ဖုန်း -၀၉-၂၅၀၃၇၇၁၈၈၊ ၀၁-၆၄၁၆၉၆) ၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မန္တလေး) ဖုန်း -၀၉-၇၉၁၃၇၁၂၇၄၊ ၀၂-၅၁၅၂၁၉၂)

Facebooktwittergoogle_plusredditpinterestlinkedinmailFacebooktwittergoogle_plusredditpinterestlinkedinmail