အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီး

facebooktwittergoogle_plusredditpinterestlinkedinmailfacebooktwittergoogle_plusredditpinterestlinkedinmail

15578612_576680452542870_7596968082717402471_n

Deadline                : 30th December 2016

Duration                : 5 days ( 25th January 2017 to 29th January 2017 )

Location               : မိုင်ဒါကွင်း ၊ တပ်မတော်ခန်းမဘေး ၊ ဦးဝိစာရလမ်း ၊ ဒဂုံမြို့  နယ် ၊ ရန်ကုန် ။

Type                      : Fully funded for necessary supporting

Program Information:

“အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီး” ကို မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ ကြီးမှူး ကျင်းပပါသည်။ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသည် ဆယ့်နှစ်လ ရာသီပွဲတော်များ၊ ရှင်ပြုနားသပွဲများနှင့် မင်္ဂလာပွဲ အမျိုးအမျိုး မပြတ်ကျင်းပ ပြုလုပ်သည့်နိုင်ငံ ဖြစ်သည်နှင့်အညီ အလှူပွဲများလည်း ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ ရှိကြပါသည်။ ယင်းကဲ့သို့ ကျင်းပရာတွင်လည်း အထူးသဖြင့် နယ်မြို့များနှင့် ကျေးလက်တောရွာများတွင် ရွာလုံးကျွတ် ကလေးပါ မကျန် အဝစားကျွေးမွေး လှူတန်းလေ့ရှိကြပြီး အချို့အလှူကြီးများဆိုလျှင် အနီးအနားရွာများပါ လာရောက် စားသုံးနိုင်စေရန် ထမင်းရည်ချောင်းစီး ချက်ပြုတ် လှူဒါန်းလေ့ရှိကြရာ လူအများအပြားကို ကျွေးမွေးရန်အတွက် စီမံချက်ပြုတ်ရသော ပညာသည်လည်း မြန်မာ့ချက်ပြုတ်စီမံခန့်ခွဲခြင်း အတတ်ပညာတစ်ခု ဖြစ်ပေသည်။

ထိုသို့ ထမင်းရည်ချောင်းစီးအလှူများ၊ လှေကြီးထမင်း လှေကြီးဟင်း အလှူများတွင် ချက်ပြုတ်စီမံပေးကြသော အိုးသူကြီး အများစုမှာ အကျိုးအမြတ်ကို ပဓာန မထားပဲ လုပ်အားပေး ချက်ပြုတ်ကြသော စေတနာ့ဝန်ထမ်းများ ဖြစ်ကြပါသည်။ ယခုအခါ ပြောင်းလဲလာသော ခေတ်နှင့် အစားအသောက် ဓလေ့စရိုက်များအရ ထိုကဲ့သို့ ထမင်းနှင့်ဟင်း ချက်ပြုတ်လှူဒါန်းသော အလှူကြီးများ နည်းပါးလာသကဲ့သို့ ပညာရှင်များလည်း ရှားပါးလာပါသည်။ ထို့ကြောင့် တိမ်မြုပ်လုနီးနီးဖြစ်နေသော မြန်မာ့အိုးကြီးချက်ပညာရပ်များ ပြန်လည်ဖော်ထုတ်နိုင်စေရေး အကျိုးအမြတ်ကို မကြည့်ပဲ စေတနာ ရှေ့ထား၍ ကူညီတတ်ကြသော အိုးသူကြီးများကို ချီးမြှင့်မြှောက်စားပေးနိုင်ရေး နှင့် မြန်မာ့ရိုးရာ အစားအသောက် ကဏ္ဍ ပိုမိုမြင့်တက်လာစေရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းက တာဝန်ယူ စီစဉ် ကျင်းပရခြင်း ဖြစ်သည်။

ထိုပွဲကြီးအား မားမားခေါက်ဆွဲမှ အဓိက ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပြီး Media partner အဖြစ် MRTV-4 မှပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ယခုပြုလုပ်သည့်ပြိုင်ပွဲကြီးတွင် ဆုကြီးများ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲနေ့များတွင် ပြိုင်ပွဲဝင်များ ယှဉ်ပြိုင် ချက်ပြုတ်ထားသည်များကို လာရောက် ကြည့်ရှု အားပေးကြသည့် ဧည့်ပရိတ်သတ်များအား စတုဒီသာ ပြန်လည် တည်ခင်းကျွေးမွေး သွားမည် ဖြစ်သည်။ မြန်မာလူမျိုးများ၏ ရိုးရာဓလေ့ ထုံးတမ်းများ ပျောက်ကွယ် မသွားစေလိုသည့် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ ကျင်းပရခြင်းဖြစ်ပါသည်။

ဆုတံဆိပ်နှင့် ဆုကြေးငွေ

  • ပထမဆု သိန်း ( ၅၀ )
  • ပထမရရှိသည့်အသင်းအား ဆုကြေးငွေ ကျပ်သိန်း (၅၀) ၊ ဒိုင်းဆု ၊ ရွှေတံဆိပ်ဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သွားမည်ဖြစ်ပါသည်။
  • ဒုတိယဆု သိန်း ( ၃၀ )
  • ဒုတိယရရှိသည့်အသင်းအား ဆုကြေးငွေ ကျပ်သိန်း(၃၀) ၊ ငွေတံဆိပ်ဆု နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သွားမည်ဖြစ်ပါသည်။
  • တတိယဆု သိန်း ( ၂၀ )
  • တတိယရရှိသည့်အသင်းအား ဆုကြေးငွေ ကျပ်သိန်း(၂၀)၊ ကြေးတံဆိပ်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သွားမည်ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူများ

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား မြန်မာနိုင်ငံသူ ဖြစ်ရပါမည်။
  • နယ်မှလည်း လာရောက်ယှဉ်ပြိုင်နိုင်ပါသည်။
  • အသက်အရွယ်ကန့်သတ်ထားခြင်းမရှိပါ။
  • အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
  • ကူးစက်ရောဂါကင်းစင်သူဖြစ်ရပါမည်။

ပြိုင်ပွဲဝင်များ၏အရည်အချင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ

  •  မြန်မာထမင်း ၊ ဟင်း အိုးကြီးချက်အတွေ့  အကြုံရှိသူဖြစ်ရမည်။
  • ခေါင်းဆောင်သော်လည်းကောင်း ၊ လက်ထောက်သော်လည်းကောင်း ၊ အကူသော်လည်းကောင်း မိမိယှဉ်ပြိုင်မည့်နေရာအလိုက် ကျွမ်းကျင်စွာပါဝင်ယှဉ်ပြိုင်ရမည်။
  •   ပြိုင်ပွဲကျင်းပရေးကော်မတီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာပြီး ပွဲစဉ်အစအဆုံး ယှဉ်ပြိုင်နိုင်ရမည်။
  • ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဒိုင်လူကြီးများ၏ စည်းကမ်းနှင့် လမ်းညွှန်မှုများကို လေးစား နာခံနိုင်သူများ ဖြစ်ရမည်။
  • ကူးစက်ရောဂါတစ်မျိုးမျိုး ခံစားနေရသူကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုပါ။
  • ယှဉ်ပြိုင်သူများအားလုံး ကျန်းမာရေးဆေးစစ်ခြင်းအား ကြည်ဖြူစွာ လက်ခံနိုင်ရမည်။
  • ပြိုင်ပွဲယှဉ်ပြိုင်စဉ် မူးယစ်စေတတ်သော အရာများနှင့် အရက်သေစာသောက်စားခြင်း လုံးဝမပြုလုပ်ရ။

စာရင်းပေးသွင်းရန်

  •  ပြိုင်ပွဲဝင်အဖွဲ့  တစ်ဖွဲ့  လျှင်အဖွဲ့  ခေါင်းဆာင် ( ၁ ) ဦး လက်ထောက်ခေါင်းဆောင်( ၁ )ဦး အဖွဲ့  ဝင် ( ၅ ) ဦး စုစုပေါင်း( ၇ )ဦးပါဝင် ယှဉ်ပြိုင် ရမည်ဖြစ်ဖြစ်သည်။
  •  ပါဝင်ယှဉ်ပြိုင်မည့်အဖွဲ့  သည် အသင်းလိုက်ယှဉ်ပြိုင်ခြင်းဖြစ်သည့်အတွက် အသင်းအမည် ( သို့မဟုတ် ) ကိုယ်စားပြု အဖွဲ့  အမည် ပေးရမည်။
  • အသင်းခေါင်းဆောင် အိုးသူကြီး အမည် နှင့် ယှဉ်ပြိုင်မည့် အဖွဲ့ဝင်များ ၏ ကိုယ်ရေး အချက်အလက်များအား ပြည့်စုံစွာဖြင့် လျှောက်လွှာ တင်ရမည်။
  • အိုးသူကြီးနှင့် တကွ ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့ဝင် တစ်ဦးချင်းစီ ၏ ကိုယ်ရေးအချက်အလက်များကို သီးခြား လျှောက်လွှာများဖြင့် လျှောက်ထား ရမည်ဖြစ်ပါသည်။
  •  ပြိုင်ပွဲဝင်လိုသူများအနေဖြင့် လျှောက်လွှာတင်ရာတွင် ကိုယ်ရေး အချက်အလက်နှင့်အတူ ရဲစခန်း
    ထောက်ခံစာ ၊ ရပ်ကွက်ထောက်ခံစာ ၊ မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူ ၊ လက်တလောရိုက်ကူး ထားသော လိုင်စင်ဓါတ်ပုံနှင့် တကွလျှောက်ထား ရမည်ဖြစ်ပါသည်။
  •  လျှောက်လွှာများအား ပြည့်စုံစွာ ဖြည့်စွက်၍ သတ်မှတ်ရက် မတိုင်မီ လာရောက် လျှောက်ထားရမည် ဖြစ်ပါသည်။

ပြိုင်ပွဲပြုလုပ်မည့်ပုံစံ

  • ပထမရက်နှင့်ဒုတိယရက်များတွင် အုပ်စုအဆင့် ပွဲစဉ်များယှဉ်ပြိုင်ရမည်ဖြစ်သည်။
  • အုပ်စုအဆင့်မှ အနိုင် ရရှိပြီး သူများသည် တတိယရက်၌ Quarter Final သို့ တစ်ဖွဲ့ချင်း ရှုံးထွက်ပုံစံ ယှဉ်ပြိုင်ခြင်း သို့တက်ရောက် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
  • Quarter Final မှစ၍ နှစ်သင်း ထိပ်တိုက် တွေ့ဆုံယှဉ်ပြိုင်ရမည် ဖြစ်ပြီး ရှုံး/ထွက်ပုံစံ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
  • Quarter Final ၌ တက်ရောက်ယှဉ်ပြိုင်အနိုင်ရသူများသည် Semi Final သို့ တက်ရောက်ယှဉ်ပြိုင် သွားရမည်ဖြစ်ပြီး Semi Final မှအနိုင်ရရှိသူသည် Final သို့တက်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
  • နောက်ဆုံး ပွဲစဉ်ဖြစ်သော Final ၌ ယှဉ်ပြိုင် အနိုင်ရရှိသူသည် အလှူတော် အိုးသူကြီး မြန်မာ့ရိုးရာ အိုးကြီးချက် အလွတ်တန်းပြိုင်ပွဲကြီး၏ ပထမဆုကြီး အား ထိုက်ထိုက်တန်တန်ရှိသွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲကျင်းပပြုလုပ်မည့်နေ့ရက်နှင့် အစီအစဉ်များ

  • ၂၅.၁.၂၀၁၇ (ဗုဒ္ဓဟူး) နေ့တွင် Round 1 (Group A) ပွဲစဉ်များကိုယှဉ်ပြိုင်သွားမည်ဖြစ်သည်။
  • ၂၆.၁.၂၀၁၇ (ကြာသပတေး) နေ့တွင် Round 1 (Group B) ပွဲစဉ်များကိုယှဉ်ပြိုင်သွားမည်ဖြစ်သည်။
  • ၂၇.၁.၂၀၁၇ (သောကြာ)နေ့တွင် တစ်ဖွဲ့  ခြင်း ထိပ်တိုက်တွေ့ရှုံးထွက်ပွဲစဉ်ဖြစ်သော Quarter Final ပွဲစဉ်များကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
  • ၂၈.၁.၂၀၁၇ (စနေ)နေ့တွင် တစ်ဖွဲ့ခြင်း ရှုံးထွက်ပွဲစဉ်များဖြစ်သော Semi Final ပွဲဉ်များကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
  • ၂၉.၁.၂၀၁၇ (တနင်္ဂနွေ)နေ့တွင် မြန်မာ့ရိုးရာ အိုးကြီးချက်အလွတ်တန်းပြိုင်ပွဲကြီး၏
  • အလှူတော်အိုးသူကြီးကိုရွေးချယ်ပေးမည့်Final ပွဲကြီးကိုညနေပိုင်း၌ ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အသေးစိတ်စုံစမ်းဆက်သွယ်ရန်

https://www.facebook.com/permalink.php?story_fbid=573579949519587&id=464812517062998

ဦးရဲဝင်းထွန်း (အတွင်းရေးမှူး -၂)
ပြိုင်ပွဲကျင်းပရေးကော်မတီ
ဖုန်းနံပါတ် – 09-5559693

ပြိုင်ပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA, Myanmar Restaurant Association)

ဒေါ်မြတ်သီရိဦး (ဖုန်း 09 73192200 , 09 2500 87536)

ဒေါ်စုစုဝါ (ဖုန်း 0925008753)

ဒေါ်ဆုလွင်လွင်ထား (ဖုန်း 09964611106)

မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (MRA, Myanmar Restaurant Association)

facebooktwittergoogle_plusredditpinterestlinkedinmailfacebooktwittergoogle_plusredditpinterestlinkedinmail

Join our fabulous community today!

Join our fabulous community today!

If you would like to be always informed about our latest updates, just fill the form with your name and email.