Yfc Online Conference 2017

Facebooktwittergoogle_plusredditpinterestlinkedinmailFacebooktwittergoogle_plusredditpinterestlinkedinmail

Deadline    : No deadline

Date            : 8-10 September, 2017

Location    : Online

Type            : Online Conference

Brief Description 

Youth for Change Online Conference ဟာ Online-based organization တစ်ခုဖြစ်တဲ့ The Motivator ကစီစဉ်တဲ့ အွန်လိုင်းအခြေပြု လူငယ်ညီလာခံတစ်ခုဖြစ်ပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှ လူငယ်တွေကို ပါဝင်ဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်.September 8,9,10 ရက်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး participant တွေအနေနဲ့ တစ်ရက်ကို နာရီဝက်ခန့် အွန်လိုင်းကနေ ဆွေးနွေးသွားရမှာပါ

Youth For Change Online Conference (YFCYC) သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ၃ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ YFCYC သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော လူငယ်များအတွက် အွန်လိုင်းအစည်းအဝေးတစ်ခုဖြစ်ပါသည်။ YFCYC သည် တိုင်းနှင့်ပြည်နယ် (၁၅) ခုမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးနိုင်ရန် မျှော်လင့်ပါသည်။

Theme

One : We are one in community.
မည်မျှပင် မတူညီကွဲပြားနေပါစေ။ ကျွန်ုပ်တို့အားလုံးသည် တစ်ခုတည်းသော လူငယ်အသိုက်အ၀န်းတစ်ခုဖြစ်သည်။

Goals

  • YFCYC သည် မတူညီသောဒေသတွင်းမှ လူငယ်များပါဝင်မှာဖြစ်ပါသည်။ ဤဆွေးနွေးပွဲသည် လူငယ်များ အနေဖြင့် မိမိတို့၏စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်လာနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေး ဖြစ်စဉ်များတွင် လူထုအသိုက်အ၀န်း၊ လူငယ် အသိုက်အ၀န်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးသွားမည်ဖြစ်သည်။
  • ဤဆွေးနွေးပွဲ၏ ရည်မှန်းချက်မှာ မတူညီသောအသိုက်အ၀န်းမှ လူငယ်များချိတ်ဆက်ပြီး ပြုပြင် ပြောင်းလဲရေးနှင့် လူငယ်တို့၏လုပ်ပိုင်ခွင့်များအတွက် အတူတကွ ကြိုးစားလုပ်ဆောင်သွားရန် ဖြစ်ပါသည်။

Results

  • ယုံကြည်မှု၊ ဦးဆောင်နိုင်မှု၊ အကြံပေးမှု၊ ညှိနှိုင်းမှုနှင့် ပြောဆိုဆက်ဆံရေး စွမ်းရည်များ တိုးတက်လာခြင်း။
  • လူငယ်များ၏ကိုယ်ပိုင်အတွေ့အကြုံများ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းဗျူဟာများကို ဝေမျှနိုင်ခြင်း။
  • မတူညီသောယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်ပြီး ရလဒ်ကောင်းအတွက် အတူတကွ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို လေ့လာသင်ယူနိုင်ခြင်း။
  • ပဋိပက္ခများကို ကိုယ်တွယ်စီမံခြင်း၊ ပြဿနာများဖြေရှင်းခြင်းနှင့် ကောင်းမွန်သောအသိုက်အ၀န်း တည်ဆောက်ခြင်း စသည့်စွမ်းရည်များ တိုးတက်လာခြင်း။
  • မိမိတို့ကိုယ်ပိုင်အဖွဲ့အစည်း၊ အသိုက်အ၀န်းထဲတွင် ပြုပြင်ပြောင်းလဲမှုအတွက် တိုက်တွန်းနိုင်ရန် လှုပ်ရှားမှုအစီအစဉ်များ ချမှတ်နိုင်ခြင်း။

Activities

  • လူငယ်များဝိုင်းဖွဲ့ဆွေးနွေးခြင်း- ဤအစီအစဉ်သည် လူငယ်များကြုံတွေ့နေရသည့် ပြဿနာများကို အတူတကွဆွေးနွေးကြရန်နှင့် ပြဿနာကို ထိရောက်စွာဖြေရှင်းနိုင်ဖို့ အကြံဥာဏ်များ ပေါင်းစုဆွေးနွေး တင်ပြခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။
  • ပုံစံငယ်အစည်းအဝေးကျင်းပခြင်း- ဤအစီအစဉ်သည် မိမိတို့ဒေသတွင်း ရင်ဆိုင်နေရသည့် ပြဿနာများနှင့် လုပ်ပိုင်ခွင့်များကို အလှည့်ကျတင်ပြဆွေးနွေးပြီး YFC Model Minister’s Summit သဘောတူညီချက်စာတမ်းကို ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ပါသည်။
  • ယဉ်ကျေးမှုဖလှယ်ခြင်း- လူမျိုးစုများ၏ မတူညီမှုအကြောင်းကို လူငယ်များလေ့လာနိုင်ရန် သဟဇာတရှိသော ပတ်ဝန်းကျင်ဖြစ်အောင် အကြံပေးသွားမည်ဖြစ်ပါသည်။

How to Apply

  • အမည်၊ လူမျိုး၊ gmail address တို့ကို [email protected] သို့ ပေးပို့နိင်ပါသည်။

For Further queries, please contact: (Ar Kar htet Lwin Oo +959 786254935 , +959 420 143636 , [email protected])
For more information, please click here.

Facebooktwittergoogle_plusredditpinterestlinkedinmailFacebooktwittergoogle_plusredditpinterestlinkedinmail